အားလုံးပဲမင်္ဂလာပါခင်ဗျာ
ဘီယာရဲ့ ကောင်းကျိုးလေးတွေသိခဲ့ရပြီဆိုတော့ အခုဘီယာရဲ့ ဆိုးကျိုးတွေကိုပြောပြပေးမှာဖြစ်ပါတယ် 🤗
🍻ဘီယာ၏ ဆိုးကျိုးများ🍻
အခုဖော်ပြမယ့် ဘီယာသောက်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ တစ်နေ့ကို ဘီယာ နှစ်ခွက် နဲ့အထက် သောက်သုံးတတ်သူတွေမှာ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။
🗣️ဘီယာ ဗိုက်ထွက်လာခြင်း
ဘီယာကို အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဝမ်းဗိုက်ဆူဖြိုးပြီး ဘီယာဗိုက်ထွက်လာတတ်ပါတယ်။ အတန်အသင့်သောက်သုံးခြင်းကတော့ အဝလွန်ခြင်းကို မဖြစ်စေပါဘူး။
🗣️လေချဥ်တက်ခြင်း
ဘီယာဟာ အစာချေရည်ထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် လေချဉ်တက်ခြင်းနဲ့ ရင်ပူခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
🗣️သွေးတက်ခြင်း
နေ့စဉ် ဘီယာသောက်သုံးခြင်းဟာ သွေးဖိအားကို တိုးလာစေနိုင်ပါတယ်။
🗣️မူးယစ်ခြင်း
ဘီယာမှာ အယ်ကိုဟောဓာတ်ပါဝင်တာကြောင့် အလွန်အကျွံသောက်ရင် မူးလာမှာဖြစ်ပါတယ်။ ဒီလိုမူးယစ်လာပြီဆိုရင် ယာဉ်တိုက်မှုနဲ့ အခြားမတော်တဆမှုတွေ အများကြီးဖြစ်နိုင်ပါတယ်။
🗣️သွေးကြွရမ်းကားခြင်း
ဘီယာအရှိန်လေးတက်လာပြီး မူးယစ်လာပြီဆိုရင် တစ်ချို့တွေက ရမ်းကားတတ်လာပါတယ်။ သူတို့မျက်လုံးထဲမှာ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်မယ်လို့ ထင်နေတတ်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာအောင် ထိန်းသိမ်းနိုင်တာ အကောင်းဆုံးပါပဲ။
🗣️ရေဓာတ်ခန်းခြောက်ခြင်း
သင် သောက်သုံးလိုက်တဲ့ ဘီယာရဲ့ (၁၀)ရာခိုင်နှုန်းလောက်ကပဲ ဆီးပြန်သွားပါတယ်။ ကျန်တဲ့ (၉၀)ရာခိုင်နှုန်းကို ခန္ဓာကိုယ်ကနေ ရှင်းထုတ်ဖို့အတွက် အသည်းက ရေဓာတ်ကို ပိုမိုလိုအပ်ပါတယ်။
ဒီအခါမှာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ရှိတဲ့ ရေဓာတ်ကို ယူပြီး သန့်စင်မှုလုပ်ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်တတ်တာဖြစ်ပါတယ်။
🥛ဘီယာတစ်ခွက်နဲ့တစ်ခွက်ကြားမှာ ရေတစ်ခွက်သောက်ပေးရင် ဒီလိုမဖြစ်အောင် ကူညီနိုင်ပါတယ်။🥛
🗣️အရက်နာကျခြင်း
ညဖက်မှာ အလွန်အကျွံသောက်သုံးမိရင် မနက်ကျရင် ခံရမှာ ဖြစ်ပါတယ်။ ခေါင်းအုံတာ၊ ခေါင်းကိုက်တာ၊ ခံတွင်းပျက်တာ စတာတွေ ကြုံတွေ့ရမှာပါ။
ကဲ ဘီယာရဲ့ဆိုးကျိုးလေးတွေသိပြီဆိုတော့ "တန်ဆေး လွန်ဘေး" ဆိုတဲ့အတိုင်း ဘီယာကို (၂) ခွက်ထပ် ပိုမသောက်မိဖို့ တိုက်တွန်းရင်း ဘီယာဗိုက်ပူခြင်းဘေးမှ ကင်းဝေးနိုင်ကြပါစေဗျာ 😁
#vaa
#beerဆိုးကျိုးများ
Comments
Post a Comment