ဒီတစ်ခါမှာတော့ Beer ချစ်သူတွေအတွက် Beer ရဲ့ ကောင်းကျိုးလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ် 🍻
ဘီယာ သောက်ပြီး ဘီယာရဲ့ကောင်းကျိုးတွေကိုမသိဘူး ဆိုရင်တော့ အောက်မှာ ဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်နော်😁😁
ဘီယာသောက်ခြင်းဟာ သင့်ရဲ့ လူမှုဆက်ဆံရေးအတွက် အကျိုးပြုပေးတာရုံတင် မဟုတ်ပါဘူး။ သင့်ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
တကယ်လို့ ဘီယာကို သင့်တင့်မျှတတဲ့ ပမာဏသာ သောက်သုံးပေးမယ်ဆိုရင် သင့်အနေနဲ့ ခုလို ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိမှာ ဖြစ်ပါတယ်။
🍺ခန္ဓာကိုယ် အလေးချိန် ကျစေခြင်း
ဘီယာချက်ခြင်း ဖြစ်စဉ်ကမှာ အမျှင်ဓာတ်တွေဟာ ဘီယာထဲမှာ ပါဝင်နေပါတယ်။
ဘီယာကို ရိုးရိုးနှံစားသီးနှံ လေးမျိုး အခြေခံပြီး ထုတ်လုပ်ပါတယ်။
အဲ့ဒါတွေက မုယောစပါး၊ ရေ၊ ဗျစ်ပန်းခြောက်နဲ့ တစေးတို့ ဖြစ်ပါတယ်။
ယင်းသီးနှံတွေကို အချဉ်ဖောက်ပြီး ဘီယာ ဖြစ်လာတဲ့အတွက် အခြားသော ယမကာတွေနဲ့ ယှဉ်ရင် ဘီယာမှာ အမျှင်ဓာတ် အများကြီး ပါဝင်ပါတယ်။
အမျှင်ဓာတ်တွေက အဆီတွေမှာ သွားပေါင်းပြီး ဝမ်းနှုတ်ဆေးလိုမျိုး အစွမ်းသတ္တိနဲ့ ခန္ဓာကိုယ်အလေးချိန် ကျစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘီယာသောက်ထားရင် ဗိုက်အကြာကြီး ပြည့်နေစေတဲ့အတွက် အစာအများကြီး စားခြင်းကို ကာကွယ်ပေးပါတယ်။ 😂😂😂
♥️နှလုံးအမောဖောက်ခြင်း အန္တရာယ်ကို လျော့ကျစေခြင်း
တစ်နေ့ကို ဘီယာ သင့်တင့်တဲ့ပမာဏ (မိန်းကလေးများအတွက် ၃၅၄ မီလီလီတာ၊ ယောက်ျားလေးများအတွက် ၇၀၉ မီလီလီတာ) သောက်သုံးခြင်းအားဖြင့် သင့်ကို အပန်းပြေစေပြီး စိတ်ဖိစီးမှုများ လျော့ကျစေပါတယ်။
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေက နှလုံးရောဂါ၊ လေဖြတ်ရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
🌟အမျိုးအစား (၂) ဆီးချို (အသက် ၄၀ ကျော် လူကြီးတွေမှာ အဖြစ်များသော) အန္တရာယ်ကို ဖြတ်တောက်ပစ်နိုင်ခြင်း
လတ်တလော လေ့လာမှုများက ဘီယာသောက်ခြင်းဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို ၃၀% ထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ လေ့လာမှုတွေက ဘီယာရဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်တဲ့ ဗျစ်ပန်းခြောက်မှာ ဟူမြူလွန်းလို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။
ယင်းဒြပ်ပေါင်းက ဘီယာကို ခါးတဲ့ အရသာ ဖြစ်စေပြီး ဆီးချို ဖြစ်စေတဲ့ မော်လီကျူး (ကိုလက်စထရော သို့မဟုတ် ဂလူးကို့စ်) တွေကို သွားပေါင်းခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ် ပေးတာ ဖြစ်ပါတယ်။
🌟အရိုးသိပ်သည်းဆကို မြင့်မားစေခြင်း
ဘီယာဟာ အရိုးကြီးထွားမှုကို အထောက်အပံ့ပေးတဲ့ အာဟာရတစ်မျိုး ဖြစ်တဲ့ ဆီလီကွန်ဆိုတဲ့ ဓာတ်ကို ထုတ်ပေးနိုင်ပါတယ်။
သို့သော်လည်း မှတ်သားထားရမှာက သင့်တော်တဲ့ ပမာဏ သောက်သုံးမှသာ ဒီအကျိုးကျေးဇူးကို ရရှိမှာ ဖြစ်တယ်ဆိုတာပါပဲ။
လေ့လာမှုတွေအရ ဘီယာအလွန်အကျွံ သောက်သုံးသူတွေကတော့ အရိုးပါးလာခြင်းကို ဖြစ်စေပါတယ်။ 😱
🌟ရောင်ရမ်းခြင်းနဲ့ ကူးစက်ရောဂါများကို ကာကွယ်ပေးခြင်း
ဘီယာထဲက တန်နင် အက်ဆစ်ဟာ ဘက်တီးရီးယား ကူးစက်ပိုးတွေနဲ့ ယောင်ရမ်းခြင်းကို တားဆီးပေးရာမှာ အထောက်အကူပြုပါတယ်။
ဒါ့အပြင် တုပ်ကွေးလို အဖြစ်များတဲ့ ကူးစက်ရောဂါတွေကိုလည်းသက်သာရာ ရစေပါတယ်။
😊ငယ်ရွယ်နုပျိုစေခြင်း
ဘီယာမှာ Antioxidant တွေနဲ့ ဗီတာမင်တွေ အများအပြား ပါဝင်ပါတယ်။ အထူးသဖြင့် B3/ B6/ Folic Acid ဓာတ်တွေ ပါဝင်ပါတယ်။Antioxidant တွေက သင့်ခန္ဓာကိုယ်ကို တစ်သျှူး ပျက်စီးယိုယွင်းခြင်းကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အဲ့လိုလုပ်ဆောင်ချက်ကြောင့် Antioxidant တွေက သင့်ခန္ဓာကိုယ် ကြွက်သားတွေကို သန်မာစေပြီး အရေပြားကို ကျန်းမာစေပါတယ်။ ဒါကြောင့်မို့ အရေပြား တွန့်ခြင်း လျော့တွဲကျခြင်းတွေကို ကာကွယ်ပေးပြီး ငယ်ရွယ်နုပျိုစေတာ ဖြစ်ပါတယ်။
🌟သတိမေ့ရောဂါကို တားဆီးခြင်း
ဘီယာဟာ ဦးနှောက်ကို ထိခိုက်စေတယ်လို့ သင်ကြားဖူးပါလိမ့်မယ်။
အဲ့ဒါဟာ သေရည်အဆိပ်တက်ခြင်းကနေ ဦးနှောက်ကို ထိခိုက်တာ ဖြစ်ပါတယ်။
သင်မသိနိုင်တာက ဘီယာမှာ Antioxidant တွေ အများကြီး ပါတာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးမျိုးစုံကို ရရှိနိုင်ပါတယ်။
လေ့လာမှု အသစ်တွေအရ Antioxidant တွေက သတိမေ့ရောဂါများ ဖြစ်သော Amnesia/ Dementia/ Delirium တို့ကဲ့သို့ သတိလျော့ကျလာသော အခြေအနေနဲ့ ဓာတ်တိုးဖိစီးမှုများကို ကာကွယ်ပေးပါတယ်။
ကဲ ဒါဆို Beer ရဲ့ကောင်းကျိုးတွေကိုသိပြီဆိုတော့ ပျော်နေကြပြီလား 😊😊
နေအုန်းးး အပျော်မလွန်နဲ့အုန်းနော် "တန်ဆေးလွန်ဘေး" တဲ့ သင့်တင့်မျှတတဲ့ပမာဏကိုပဲပြောတာနော် များသွားရင်တော့ ဘာကောင်းကျိုးမှမရတော့ပါဘူးနော် 😁😁
စနစ်တကျသောက်ဖို့နဲ့ သောက်တာ မ များဖို့တိုက်တွန်းရင်း ဒီနေ့အတွက်တော့ ဒီလောက်နဲ့ နှုတ်ဆက်လိုက်ရပါစေနော်။
မိုးအေးအေးနဲ့ ဘီယာဆိုင်တော့ တန်းမပြေးကြနဲ့နော် 🍻🍻🍻
#vaa
#beerကောင်းကျိုးများ
Comments
Post a Comment