Skip to main content

အရောင်လေးများကပြောတဲ့ သူတို့အကြောင်း

 အရောင်လေးများကပြောတဲ့ သူတို့အကြောင်း


❤️အနီရောင် - အနီရောင်လေးကတော့ ရဲရင့်မှု၊ စွမ်းအား၊ ခွန်အား၊ စွမ်းအင် ရှိမှုတို့ကိုဖော်ပြသလို၊ ချစ်ခြင်းမေတ္တာရဲ့ကိုယ်စားပြုအ‌ရောင်လေးဆိုလည်းမမှားပါဘူးနော်။ ပြီးတော့ အန္တရာယ်၊သတိပေးစတဲ့သင်္ကေတအရောင်တွေမှာလည်း အသုံးပြုပါတယ်နော်။ အနီ‌ရောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က လူအများကြားမှာ စွဲဆောင်မှုရှိနေမှာတော့ အမှန်ပဲရှင့်။


💙အပြာရောင် - အပြာရောင်လေးကတော့ အေးချမ်းတဲ့အ‌ရောင်လေးပဲဖြစ်ပါတယ်နော်။ သူကတော့ ငြိမ်းချမ်းရေး၊ သစ္စာစောင့်သိမှု၊ ယုံကြည်မှု စသည်တို့ကို ဖော်ညွှန်းပါတယ်။ အပြာရောင်ဝတ်ထားလိုက်ရင် မြင်ရသူတို့အတွက် ရင်အေးစေမှာ အမှန်ပါပဲရှင့်။


⚪အဖြူရောင် - အဖြူရောင်လေးကတော့ စာရေးသူအကြိုက်ဆုံးပါရှင့်။ အဖြူရောင်လေးကတော့ သန့်စင်မှု၊အပြစ်ကင်းမှု၊ သန့်ရှင်းမှု၊ လန်းဆန်းမှု၊ ကောင်းမွန်မှုတို့ကိုဖော်ပြတဲ့အ‌‌ရောင်လေးအဖြစ်မှတ်သားထားရပါတယ်ရှင့်။ White Dress လေးဝတ်ထားတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ရော မြင်သူတွေအနေနဲ့ပါ ဖြူစင်သန့်ရှင်းမှုဆိုတဲ့ ခံစားမှု‌လေးဖြစ်ပေါ်စေမှာဖြစ်ပါတယ်ရှင့်။


🖤အမည်းရောင်  - အမည်းရောင်လေးကတော့ ယောကျာ်းလေးရော မိန်းကလေးရော ကြိုက်တဲ့အ‌ရောင်လေးလည်းဖြစ်သလို ဝတ်လိုက်တာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိစေပါတယ်နော်။ ကျက်သရေရှိမှု၊ ခမ်းနားကြီးကျယ်မှုတို့ကိုဖော်ပြတယ်လို့ သိမှတ်ထားရပါတယ်ရှင့်။ တစ်ခါတလေ ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့လည်း အမည်းရောင်ကိုဝတ်ဆင်ကြပါတယ်ရှင့်။


♥️ပန်းရောင် - ပန်းရောင်လေးကတော့ မိန်းကလေးတိုင်းကြိုက်ကြတယ်ပေ့ါနော်။ပန်းရောင်လေးကတော့ ပျော်ရွှင်မှု၊ ချိုမြိန်မှု၊ မိန်းကလေးဆန်မှု တို့ကိုယ်စားပြုတဲ့ ချစ်စရာအ‌ရောင်လေးတစ်ခုပါပဲရှင့်။ 


စာဖတ်သူအနေနဲ့‌ရော မိမိနှစ်သက်ရာအရောင်လေးနဲ့ သူတို့ကို ကိုယ်စားပြုတဲ့အဓိပ္ပါယ်လေးတွေကို ဖတ်ရှုနိုင်ပါတယ်ရှင့်။

Comments

  1. အပြာ​ရောင်​လေးး

    ReplyDelete

Post a Comment

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...

သွေးတိုးရောဂါရှင်များအတွက် ကုသမှု့တွေက ဘာတွေလဲ?

 🔆 သွေးတိုးရောဂါများအတွက်ကုသမှုက ဘာတွေလဲ?🔆 ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့သင့်သွေးဖိအားကို 140/90 mmHg အောက်မှာ ထားဖို့ ဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါရှိပါက သင့်သွေးဖိအားကို 130/80 mmHg အောက်မှာ ထားဖို့ ပိုလိုပါတယ်။ 📌 လူနေမှုပုံစံပြောင်းလဲမှု📌 သွေးတိုးရောဂါအတွက်ကုသမှုတွေက လူနေမှုပုံစံ ပြောင်းလဲနေတာကနေ ဆေးဝါးများ အသုံးပြုတဲ့အထိ ကွဲပြားခြားနားပါတယ်။ သင့်ရဲ့ သွေးဖိအားတိုးတာက အရမ်းမပြင်းထန်လျှင် သင့်ဆရာဝန်က ပထမဆုံး လူနေမှုပုံစံပြောင်းလဲဖို့ ညွှန်ကြားပါလိမ့်မယ်။ သင့်ရဲ့သွေးပေါင်ချိန်က ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆိုတာနဲ့  ဆေးသောက်ဖို့လိုအပ်ပါလိမ့်မယ်။ “ထိန်းချုပ်မှုအောက်မှာရှိနေတယ်” ဆိုတာက သင့်သွေးဖိအားနံပါတ်များက ပုံမှန် ပမာဏအတွင်းမှာရှိနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ သင့်ဆရာဝန်က အချိန်မှန် သွေးဖိအားစမ်းသပ်မှုလုပ်ဖို့ အကြံပြုမှာဖြစ်ပြီး ဘယ်နှစ်ခါတိုင်းရမယ်ဆိုတာ ပြောပြမှာဖြစ်ပါတယ်။  📌ဆေးဝါးများ📌 အပေါ်ကနည်းနဲ့အလုပ်မဖြစ်တာ သို့မဟုတ် သင့်မှာ ပိုဆိုးတဲ့ သွေးဖိအားရောဂါဖြစ်နေတယ်ဆိုရင် သင့်ဆရာဝန်က ဆေးဝါးနဲ့ကုသဖို့ ညွှန်ကြားပါလိမ့်မယ်။ သွေးတို...